ကသာ ၁၉ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ပြည်သာယာကျေးရွာအနီးရှိ ကျောက်ဖြူတောင်ခြေရင်းနေရာတွင် တရားမဝင်ရွှေတူးဖော်နေသူများ ဖမ်းမိခဲ့ကြောင်း သိရသည်။

ကသာမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဇော်မင်းထွန်း ဦးစီးသောအဖွဲ့သည် ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်က မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဖေ အနီးကပ်ကြီးကြပ်၍ သက်သေများနှင့်အတူ တရားမဝင်ရွှေတူးဖော်နေကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သွားရောက်ရှာဖွေစစ်ဆေးရာ ကသာမြို့နယ်၊ပြည်သာယာကျေးရွာအနီး ကျောက်ဖြူတောင်ခြေနေရာတွင် ပြည်သာယာကျေးရွာနေ ညွန့်လွင်(ခ)မောင်နိုင် ဆိုသူကို တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင်ရွှေသတ္တုတူးဖော်နေသူ ညွန့်လွင်(ခ)မောင်နိုင်အား ကသာမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)