နေပြည်တော် ၁၉ စက်တင်ဘာ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် -CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အတွင်း သစ်တောဦးစီး ဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မြို့ရှောင်လမ်းယာဉ်(၁)စီးပေါ်မှတရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ ၃ ဒသမ ၈၅၁၄ တန်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျောက်ထု-ပေါက်-ပခုက္ကူ ကားလမ်း၊ မိုင်တိုင်အမှတ်(၅၉/၂)၏ မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ကျောက်မဲတောင် တောတိုက်၊ က.ပ.စ(၂၄)နယ်နိမိတ်အစပ်တောတွင်းနေရာမှ တရားမဝင်ပိတောက်ခွဲသား ၂ ဒသမ ၈၃၄၄ တန်တို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်မောင်မျိုး

 

ေ