နေပြည်တော်  ၁၉  စက်တင်ဘာ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နှင့်  Shanghai Maritime  University မှ ကျွမ်းကျင်သူများနှင့်  ပူးပေါင်း၍ Ship  Energy  Efficiency and Greenhouse Gases ( GHG ) Emissions  လျော့ချရေးနိုင်ရေးအတွက် ပြုလုပ်သည့်  Online  Webinar Course သင်တန်းအား  ယနေ့ မွန်းလွဲ ၂နာရီတွင်    တက္ကသိုလ် ပင်မဆောင်ရှိ  MTCC Asia  Branch Office  တွင် ကျင်းပသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ်နှင့် Shanghai Maritime  University ၏  တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  Online  Webinar Course သင်တန်းသို့ တက်ရောက်လာ ကြသော သင်တန်းသား/သူများအား   Shanghai Maritime  University  မှ  ၎င်းတို့ဆောင်ရွက် ထားရှိသော  သုတေ သနကိစ္စရပ်များ  ၊ အသစ်တည်ဆောက်မည့် သင်္ဘောများအတွက် လိုအပ်ချက် ဖြစ်သော Energy Efficiency Design Index ( EEDI)၊ IMO ၏မျှော်မှန်းချက်ဖြစ်သော  ပတ်ဝန်းကျင် လေထု၊ ရေထုဆိုင်ရာ ညစ်ညမ်းမှု လျော့ချရေး NOx ၊ SOx Reduction ကိစ္စရပ်များအား Video Conferencing စနစ်ဖြင့် ပို့ချပေးခဲ့ပြီး အဆိုပါသင်တန်းအား (၂) ပတ်လျှင် (၁) ကြိမ်ခန့်ဖြင့် (၂) လတိတိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းသို့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ သင်တန်းသား/သူ ( ၁၂ ) ဦးနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများနှင့် ပုဂ္ဂလိကရေကြောင်း ဘက်ဆိုင်ရာ သင်တန်းဌာနများမှ သင်တန်းသား/သူ ၁၃ ဦး စုစုပေါင်း ၂၅  ဦးတို့ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)