မင်းဘူး ၂၀ စက်တင်ဘာ
    
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အသက်(၈၅)နှစ် နှင့် အထက်ဘိုးဘွားများအား စက်တင်ဘာလ ၁၆ ရက်နေ့က စတုတ္ထအကြိမ် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင်များမှ အသက် (၈၅)နှစ် နှင့် အထက်ဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းကျပ်နှုန်းဖြင့် ၃ လ တစ်ကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ အသက် (၈၅)နှစ် နှင့် အထက်ဘိုးဘွား (၇၁၆)ဦး အတွက် စုစုပေါင်းငွေကျပ် သိန်း ၂၁၄၈၀ဝ၀ဝ ကျပ်ကို သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)