နေပြည်တော် ၂၀ စက်တင်ဘာ
စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ် (၈၅) နှင့် အရာထမ်းငယ် အခြေခံ သင်တန်းအမှတ်စဉ် (၁၀၁)( ၁၀၂) (၁၀၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ နဝရတ်ခန်းမ၌ ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ သင်တန်း အမျိုးအစားများအလိုက် စံပြဆုရရှိသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။
ယင်းသင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ ဒုတိယ ပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ (ပညာဌာနမှူး) များ၊ ဌာနမှူး/ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက် ကထိကများ၊ နည်းပြများနှင့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ တို့မှ ရက်သတ္တ (၈) ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ် (၈၅) တက်ရောက်ခဲ့သည့် ရုံးအုပ်၊ ဌာနခွဲစာရေးအဆင့်ရှိ သင်တန်းသား (၂၉) ဦး၊ သင်တန်းသူ (၅၇) ဦး၊ ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၁၀၁)( ၁၀၂) (၁၀၃) သို့ တက်ရောက်ခဲ့သည့် ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား (၁၈၈) ဦး၊ သင်တန်းသူ (၂၄၄) ဦး စုစုပေါင်း (၅၁၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


