ဖောင်းပြင် ၂၀ စက်တင်ဘာ

ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ၊Book Club၊ Youth Club နှင့် Women Club တို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ဝိုင်းကို ဆရာချစ်ဦးညို၏ "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့် ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ဆရာဦးသိန်းဆွေက"အရှင်မဟာအရိယဝံသက ရေငုံဘုန်းကြီးအား ကျေးဇူးဆပ်ပုံနှင့် အင်းဝစာတမ်းဖတ်ပွဲအကြောင်း"ကိုလည်းကောင်း၊ ဆရာဦးဇော်ဝင်းက " ယဉ်ကျေးမှုအကြောင်း"ကိုလည်းကောင်း၊ ဆရာဦးဝင်းလွင်ဦးက "ပညာဆိုတာဘာလဲ"ကို လည်းကောင်း၊ ဆရာဦးအောင်နိုင်ဦးက "ယဉ်ကျေးမှုတိုးတက်မှုနှင့်ဆုတ်ယုတ်မှု"ကို လည်းကောင်း၊ ဆရာဦးတင်အောင်ချစ်က "ယဉ်ကျေးမှုတိုးတက်အောင် ဘယ်လိုအဖြေရှာကြမလဲ ဆိုတာကိုအဖြေရှာခြင်း" ကို လည်းကောင်း၊ ဆရာဦးဂျော်တာဝင်းက "ပညာအသိနှင့်ရိုးရာထိန်းသိမ်းမှု" ကိုလည်းကောင်း၊ ဆရာကျော်ဝင်းတင့်က "ဗုဒ္ဓအဆုံးအမနှင့်ယဉ်ကျေးမှု" ကို လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဆရာဦးတင်မင်းထွဋ်နှင့် ဆရာဦးဖြိုးဝေကျော်တို့က အမေးအဖြေဆွေးနွေးမှုများအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ၊ Book Club၊ Women Club၊  Youth Club နှင့် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

MDN