ပဲခူး ၂၀ စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစောညိုဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့  မွန်းတည့် ၁၂ နာရီအချိန်က သနပ်ပင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးနေအိမ်များနှင့် အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

့သနပ်ပင်မြို့နယ်အတွင်း ယနေ့ နံနက်(၁)နာရီ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်သဖြင့် အောက်စုရပ်ကွက်၊ စက်ကုန်းရပ်ကွက်နှင့် ဘူတာပိုင်းရပ်ကွက်တို့တွင် လူနေအိမ်များပြိုလဲခြင်း၊ အမိုးလန်ပျက်စီးခြင်း၊ စာသင်ကျောင်းများပျက်စီးခြင်းနှင့်  လျှပ်စစ်ဓါတ်အားလိုင်းများ ပျက်စီးခြင်းများ ဖြစ်သွားခဲ့သည်။

အဆိုပါလေပြင်းဒဏ်ခံခဲ့ရသည့်နေရာများသို့ ပဲခူးတိုင်းဒေသကြီးသယံဇာတ၊ သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းသွားရောက် ကြည့်ရှုပြီး တာဝန်ရှိသူများအနေဖြင့် ပျက်စီးဆုံးရှုံးမှုစာရင်းတိကျမှန်ကန်စွာကောက်ယူပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် အစိုးရအဖွဲ့ထံအမြန်ဆုံးတင်ပြရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကာ လေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)