ကျောက်ဖြူ ၂၀ စက်တင်ဘာ 


ကျောက်ဖြူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအတွက် သင်ကြားရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းကိရိယာများကို အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ(SEAOP)က ယနေ့ ပေးအပ်လှုဒါန်းခဲ့သည်။


ယနေ့ လှူဒါန်းသည့် ပစ္စည်းတန်ဖိုးမှာ ငွေကျပ် သိန်းတစ်ရာကျော်တန်ဖိုးရှိ မိတ္တူကူးစက် ၁ လုံး ၊ Projector ၁ လုံး ၊ နံရံကပ်ပန်ကာ အလုံး ၉၀   နှင့် မတ်ရပ်ပန်ကာ ၁၄ လုံးဖြစ်ကြောင်း သိရသည်။


ကျောက်ဖြူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသည် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း မဒေးကျွန်း ရေနံစိမ်း ဆိပ်ကမ်းမှ ၇ ဒသမ ၆ ကီလိုမီတာ အကွာအဝေးတွင်ရှိသော ကျောင်းဖြစ်သည်။


ယင်းအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ ၆၉ ဦးရှိပြီး ကျောင်းသား ကျောင်းသူပေါင်း  ၁၄၁၄  ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ ကျောက်ဖြူမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းကို  ၁၉၆၈ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး အနီးတစ်ဝိုက်ဒေသများမှ  ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။


၂၀၁၂ ခုနှစ်တွင် အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၄၁ သိန်း အသုံးပြု၍ ပေ ၂၀ဝ × ပေ ၃၀ ရှိ နှစ်ထပ် ကျောင်းဆောင် ၂ ဆောင်နှင့် ပေ ၅၀× ပေ ၃၀ အကျယ်ရှိ နှစ်ထပ်ရုံးခန်း တစ်ဆောင်တို့ကို တည်ဆောက်ပေးခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ကျောင်းသုံး ဗလာစာအုပ် ၂ သောင်းကို ကုမ္ပဏီက လှူဒါန်းခဲ့ကြောင်း သိရသည်။  


မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက လူမှုအကျိုးပြုလုပ်ငန်းများကို အဆက်မပြတ် စနစ်တ ကျဆောင်ရွက်လျက်ရှိပြီး ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသများ၏ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေပေးဝေရေး၊ ဆက်သွယ်ရေးနှင့် လမ်းပန်းဆက် သွယ်ရေး စသည့် အခြေခံအဆောက်အအုံကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်ကာ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈သန်းခန့် အသုံးပြုပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ 


သတင်းစဉ်

 

1