နေပြည်တော် ၂၀ စက်တင်ဘာ
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ငွေကျပ်သိန်း (၁ဝဝ)ကို လည်းကောင်း။
လယ်ဝေးမြို့နယ် ပညာရေးမှူးနှင့် ပညာရေးမိသားစုက ငွေကျပ် (၂,၁၅၇,ဝ၅ဝ)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုရေးသုတေသန ဦးစီးဌာန ဝန်ထမ်းများ၏ မျှဝေခြင်းအစီအစဉ်က ငွေကျပ် (၂၅)သိန်းကို လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


