ဂွ ၂၀ စက်တင်ဘာ
မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများကို ကျောင်းသား/ ကျောင်းသူများမှ တစ်ဆင့်မိဘပြည်သူများပါ အသိပညာများရရှိစေရန်ရည်ရွယ်၍ ဂွမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ နေ့လည်(၂)နာရီတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟဟောပြောပွဲကို အ.ထ.က(ရဟိုင်ကူးတို့) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက မီးလောင်မှုအန္တရာယ် မဖြစ်ပွါးစေရန် ကြိုတင်ကာကွယ်နည်းများ၊ မီးသတ်ဝတ်စုံများအကြောင်း သိကောင်းစရာများ၊ မီးသတ်ဆေးဘူး သုံးစွဲနည်းများကို ဆွေးနွေးဟောပြောခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်လျှင် ကြိုတင်ကာကွယ် ငြှိမ်းသတ်နည်းစနစ်များကို ကျောင်းသား၊ ကျောင်းသူများကို လက်တွေ့သရုပ်ပြ ငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။ ဟောပြောပွဲသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ(၁၆၂)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သတင်းရရှိသည်။
MDN


