မန္တလေး ၂၁ စက်တင်ဘာ 


စာရေးဆရာစိုးဝင်းဗိုလ်(အရာတော်)၏ ‘မန္တလေးမြို့က သူတို့အကြောင်း’  စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရတနာပျိုးခင်း စာကြည့်တိုက်တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။


မိတ်ဆက်ပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ တက္ကသိုလ် တေဇာလင်း၊ စာရေးဆရာမ ဒေါ်မမနိုင်(ရုပ်သေး)နှင့် စာရေးဆရာမ ဒေါ်တင်မမခိုင်(မန်းတက္ကသိုလ်)တို့က မုဒိတာစကားများ ပြောကြားကာ စာရေးဆရာ စိုးဝင်းဗိုလ် (အရာတော်) က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များအတွက် စာအုပ်(၂၂)အုပ်၊ မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း စာကြည့်တိုက်အတွက် စာအုပ်(၁၂) အုပ်တို့အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။

 

mdn


အဆိုပါ အခမ်းအနားသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ရတနာပျိုးခင်းစာကြည့်တိုက်မှ တာဝန်ရှိသူများ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ စာရေးဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။


သန်းဇော်မင်း(ပြန်/ဆက်)