နေပြည်တော် ၂၁ စက်တင်ဘာ
    

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမနှင့် မဏိရတနာ ကျောက်စိမ်းဝန်းအတွင်း၌ ဆက်လက်ကျင်းပသည်။
    

ယနေ့ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက စိတ်ကြိုက်ကြည့်ရှုလေ့လာ၍ ဈေးနှုန်းတင်သွင်းလွှာများ ရေးသားတင်သွင်းထားသည့် ကျောက်စိမ်းအတွဲအမှတ် (၁၃၁၂) မှ (၂၆၁၁)အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀ဝ)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ ကျောက်စိမ်းအတွဲ (၈၁၃)တွဲကို ယူရိုငွေ ၇၁ ဒသမ ၂၄၂ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။


၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ဖြစ်သည့် စက်တင်ဘာ ၂၂ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၂၆၁၂)မှ (၃၉၁၁)အထိ ကျောက်စိမ်း အတွဲပေါင်း(၁၃၀ဝ)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။


အလားတူ ကျောက်စိမ်းအတွဲ အမှတ် (၃၉၁၂)မှ (၅၂၁၁)အထိ ကျောက်စိမ်း အတွဲပေါင်း(၁၃၀ဝ)ကို စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ် (၅၂၁၂) မှ (၆၅၁၁)အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀ဝ)ကို စက်တင်ဘာ ၂၄ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၆၅၁၂)မှ (၇၈၁၁)အထိ ကျောက်စိမ်း အတွဲပေါင်း(၁၃၀ဝ)ကို စက်တင်ဘာ ၂၅ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်သည်။
ယခုနှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေး ယူရိုငွေ(၁၀ဝ၀)နှင့် အထက်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်များနှင့် အခြေခံဈေး ယူရိုငွေ (၅၀ဝ၀)နှင့် အထက်တန်ဖိုးရှိ ကျောက်စိမ်းအတွဲ စုစုပေါင်း (၇၈၁၁)တွဲကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။    


သတင်း-မျိုးသူဟိန်း၊ ဓာတ်ပုံ-အေးသန်း