ပွင့်ဖြူ ၂၂ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယနေ့နံနက် နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ဒသမ ပေခန့် ရေကျော်ကျနေကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ထိခိုက်မှုကင်းဝေးစေရန်နှင့် စိုက်ပျိုးရေ စနစ်တကျ ဖြန့်ဝေပေးနိုင်ရေးအတွက် ရည်ရွယ်ကာ မိုးရာသီကာလ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေအား နေ့စဉ်စောင့်ကြပ်ကြည့်ရှုစစ်ဆေးကာ အချိန်နှင့်တစ်ပြေးညီ ပြည်သူများ သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခင်လက မိုးရွာသွန်းမှုကြောင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု ပေကျော်ခန့်ရှိခဲ့သော်လည်း ယခုတွင် မိုးရွာသွန်းမှုလျော့နည်းသွားခဲ့၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြေးဖြေး လျော့နည်းသွားခဲ့ပြီး ယနေ့နံနက် နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ဒသမ ပေခန့်သာ ရေကျော်ကျလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်းထံမှ သိရသည်။  

ရဲဝင်းနိုင်(ညောင်ဦး)

 

thw