ဘုတ်ပြင်း ၂၂ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အရှေ့တိုင်းပုလဲကုမ္ပဏီနှင့် Lesswalk Organization အဖွဲ့တို့ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများသို့ စက်ဘီအစီး (၄၀) ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ပြုလုပ်သည်။

 

06

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး အရှေ့တိုင်းပုလဲကုမ္ပဏီနှင့် Lesswalk Organization  အဖွဲ့မှ ဦးရဲရင့်အောင်က စက်းဘီးများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးထံသို့ ပေးအပ်သည်။

45

 

ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့က သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား​ကျောင်းသူများထံသို့ စက်ဘီးများအား ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)