မကွေး ၂၂ စက်တင်ဘာ

မကွေးမြို့၊ ..က()လမ်းပေါ်ရှိ လူထုအပန်းဖြေနေရာ ကန်သာကန်ပေါင်တွင် မည်သူမဆိုလိုက်နာရမည့် ဒေသန္တရအမိန့်တစ်ရပ်ကို မကွေးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်ပြီး မြို့နယ်အတွင်း ရောက်ရှိသွားလာနေထိုင်သူများအနေဖြင့် သိရှိလိုက်နာရမည့် စည်းကမ်းများကို ရပ်ကွက်များအတွင်း ှည့်လည်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

nhs

 

အမိန့်စာအရ ကန်ပောင်အပြင်စွန်းလမ်းမြေပြင်နှင့် ထိစပ်နယ်နိမိတ်ကန်တော်အတွင်း မည်သည့်မြေပြင်၊ ရေပြင်၊ သစ်ပင်၊ ဆိုင်းဘုတ်၊ မြက်ခင်းနှင့်အပင်၊ အလံ စသည့် နယ်နိမိတ်ပစ္စည်း စီမံခန့်ခွဲမှုနေရာများ၌မဆို တာဝန်အရမဟုတ်ဘဲ ဖျက်ဆီး၊ ဖြုတ်ယူ၊ ရွှေ့ပြောင်း၊ ဖြည့်စွက်ခြင်းနှင့် မူလစီမံခန့်ခွဲမှု ပုံစံပျက်ယွင်းအောင် ပြုလုပ်ခြင်းတို့အား တားမြစ်ထားသည်။

ရေသတ္တဝါ၊ ရေထွက်ပစ္စည်းများ၊ ရေထိန်းအပင်များအား ဖမ်းဆီးသယ်ဆောင်ဖျက်ဆီးခြင်း၊ ရေကန်နှင့် ရေသတ္တဝါ ထိခိုက်စေသည့်ပစ္စည်းများ သွန်ချခြင်း၊ ရေချိုးခြင်း၊ အဝတ်နှင့်အခြားအရာများ လျှော်ဖွတ်ခြင်း၊ ကန်ပေါင္ လျှောက်လမ်းများတွင် တနည်းနည်းဖြင့်ပိတ်ဆို့ခြင်း၊ ရေယာဉ်၊ ဝါးဖောင်များစီးနင်းခြင်း၊ မျှောချခြင်း၊ ယာဉ်အမျိုးမျိုး ရပ်တန့်ခြင်းတို့ကိုလည်း တားမြစ်သည်။

အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ ထုတ်လုပ်၊ ရောင်းဝယ်၊ သယ်ဆောင်၊ သုံးစွဲခြင်း၊ ဈေးရောင်းချခြင်း၊ အမှိုက်နှင့်အညစ်အကြေးများ စည်းကမ်းမဲ့စွန့်ပစ်ခြင်း၊ မူးယစ်ရမ်းကားခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ မဖွယ်မရာပြုမူခြင်း၊ နိုင်ငံတော်နှင့်ပြည်သူတို့၏ ဂုဏ်သိက္ခာထိခိုက်စေနိုင်သည့် အပြုအမူအစုအဝေးများ ပြုမူခြင်း၊ ညအိပ်တည်းခိုခြင်း လုပ်ရပ်များကိုလည်း တားမြစ်ထားသည်။

လိုအပ်ချက်အရ ထုတ်လိုက်တာပါ။ ကန်ပေါင်မှာ ဓားထိုးမှုလည်းဖြစ်ခဲ့တယ်။ အဝတ်လျှော်တာတွေ ှိတယ်။ ကန်ပြုပြင်ဆဲကာလမှာကိုပဲ အရက်ပုလင်းတွေ ခွဲခဲ့တာတွေရှိခဲ့တယ်။ အားလုံးကလည်း စည်းကမ်းတွေ ထိန်းစေချင်တယ်။ မူလရည်ရွယ်ချက်က အရက်သေစာသောက်စားပြီး ရမ်းကားတဲ့ဟာတွေကို အဓိကတားချင်တာပေါ့။ အများပြည်သူကို ဘေးကင်းအေးချမ်းစေချင်ပါတယ်ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ှင်းပြသည်။

တားမြစ်ချက်များကိုမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပါက မည်သူ့ကိုမဆို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၈၈ အရ လည်းကောင်း၊ အပြစ်ကျူးလွန်မှုနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများအရလည်းကောင်း ထိရောက်စွာ အရေးယူတော့မည်ဖြစ်ကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးရုံးမ သိရှိရသည်။

လက်ရှိကန်သာကန် ဧရိယာမှာ ၁၉.၄၆၇ ဧက (ပျမ်းမျှအလျား ၁၂၀ဝ ပေ၊ အနံ ၇၀၆ ပေ)ှိပြီး ကန်၏ အနီးအနားတွင် အောင်မြေရတနာစာသင်တိုက်နှင့် အေးစေတီဘုရားတို့ ှိနေသည့်အတွက်ဘုရား၊ ကျောင်း၊ ကန်ဟူသော တင့်တယ်ခြင်း သုံးပါးနှင့်ပြည့်စုံသည့် နေရာတစ်ခုဖြစ်ကာ လူထုအပန်းဖြေနေရာတစ်ခုအဖြစ် ရောက်ရှိလာနေပြီဖြစ်သည်။

ှစ် ၂၀ဝ ခန့်သက်တမ်းရှိ ကန်သာကန်မှာ ဆယ်စုနှစ်ခန့် ရေမနေဘဲ ကန်ကောကြီးသဖွယ်ဖြစ်နေရာမ အစိုးရသစ်လက်ထက်တွင် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မ ငွေကျပ်သိန်း ၁၃၉၅.၅၀ သုံးစွဲကာ လူထုအပန်းဖြေနေရာတစ်ခု ဖြစ်လာစေရန် လုပ်ဆောင်ခဲ့ပြီး စေတနာရှင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုရေးအဖွဲ့များ၏ ှူဒါန်းှုများလည်း ှိခဲ့ကြောင်း၊ လုံခြုံရေး ကင်မရာများနှင့် ဆိုလာမီးများ တပ်ဆင်မှုအပါအဝင် ကန်သာကန်သာယာ ှပရေးလုပ်ငန်းများကို ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရန်ရှိနေကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖိုးနီထံမ သိရသည်။

ဇေယျတု(မကွေး)