မြောင်းမြ    ၂၂   စက်တင်ဘာ  

   

အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက်သည့်  (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ဂုဏ်ပြုသောအားဖြင့် မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဦးဆောင်သော တပ်ဖွဲ့ဝင်များ စက်တင်ဘာ ၂၂ ရက်နေ့ ၊ နံနက် ၇ နာရီက မြောင်းမြမြို့ ၊ မေတ္တာမွန် ဘိုးဘွားရိပ်သာတွင် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
                   

မေတ္တာမွန်ဘိုးဘွားရိပ်သာရှိ အဖိုးအဖွါးများ  စိတ်ကြည်နူးချမ်းမြေ့စေရန် ရည်ရွယ်ရွယ်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုရဲမှူးကြီး မြင့်ဝေ ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သက်ထွန်း၊ မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဌေးဝင်း၊ မြောင်းမြမြို့မရဲစခန်း ခေတ္တစခန်းမှူး ဒုရဲမှူးသန်းထွေးတို့မှဦးဆောင်၍  ဦးဆောင်၍  အမှတ်(၈၁)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး လှထွန်း နှင့် ယာဉ်ထိန်းတပ်ဖွဲ့များ ၊ တပ်ဖွဲ့ဝင်မိသားစုများ အင်အား (၁၂၂) ဦးတို့က အဖိုးအဖွါး အိပ်ဆောင်များ သန့်ရှင်းရေးပြုလုပ်ခြင်း ၊ မြက်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)