ပေါက် ၂၃ စက်တင်ဘာ
ပေါက်မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ကျေးလက်လမ်း၊ တံတား၊ ရေရရှိရေး၊ မီး လင်းရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာ မေးမြန်းဆွေးနွေး တင်ပြနိုင်ရန်အတွက် `ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး´´ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဝါးရုံပင်အိုင့် ကျေးရွာဇေယျသု ခဘုန်းတော်ကြီးကျောင်း၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောမြင့်ခိုင်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ကျေးလက်နေပြည်သူများ ကိုယ့်ကျေးရွာတွင် အမှန်တကယ် လိုအပ်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြတောင်းဆိုရန်နဲ့ တင်ပြတောင်းဆိုချက်များကို အတတ်နိုင်ဆုံး ပြန်လည်ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် ကျေးရွာအုပ်စု အသီးသီးမှ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက မိမိတို့ကျေးလက်ဒေသ လိုအပ်ချက် အခက်အခဲများကို တင်ပြတောင်းဆို ဆွေးနွေးကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
ဉာဏ်တိုး(ပေါက်)


