၂၃ စက်တင်ဘာ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ယနေ့ထွက်ခွာမည်ဖြစ်ပြီး အမေရိကန်နှင့် အီရန်နိုင်ငံ ခေါင်းဆောင်များနှင့်အတူ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည် ဖြစ်သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အာဘေး မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ဆော်ဒီအာရေဗျ ရေနံစက်ရုံများ တိုက်ခိုက်ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ဖြေလျှော့ရေး ကူညီရန် အီရန်သမ္မတ ဟာဆန် ရိုဟာနီ နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့နှင့် အာဘေးသည် သီးခြားစီ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်အသစ် တစ်ရပ်နှင့်ပတ်သက်ပြီး ထရန့်နှင့်အတူ ဆွေးနွေးမည်ဟုလည်း အာဘေးက မျှော်လင့်သည်။
၎င်းတို့သည် ထိုစာချုပ်၏ နောက်ဆုံးမူကြမ်းနှင့် ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိသည်။
အာဘေးသည် နယူးယောက်တွင် ရှိနေစဉ် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း နှင့် တွေ့ဆုံရန် မျှော်လင့်မထားဟု သိရသည်။
နယူးယောက်ခရီးစဉ်ပြီးနောက် အီးယူ-အာရှ ဆက်သွယ်ရေးဖိုရမ်သို့ တက်ရောက်ရန် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တို့ကို သွားရောက်မည်ဖြစ်ပြီး ဉရောပနှင့် အာရှနိုင်ငံတို့အကြား နိုင်ငံရေးနှင့်စီးပွားရေး ဆက်ဆံမှုခိုင်မာရေး အရေးပါမှုနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို