မော်လမြိုင်  ၂၃    စက်တင်ဘာ    


မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ သတင်းရေးသားထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက  ကျင်းပသည်။ 


အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး  ဒေါက်တာထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံမှာ မဏ္ဍိုင်ကြီး(၃)ရပ်အပြင် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ ကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ ပြန်/ဆက်ဦးစီးဌာနသည် ပြည်သူတို့၏ သတင်းသိရှိနိုင်ခွင့်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးတဲ့ဌာနဖြစ်တဲ့အတွက် သတင်းရေးသားမည့် သတင်းသမားများဟာ ကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်ပြီး သတင်းရေးသားခြင်းဆိုင်ရာလုပ်ငန်းများ ကျွမ်းကျင်ဖို့လို အပ်ပါကြောင်း၊ သတင်းများကို ကိုယ်တိုင်ဖန်တီးတဲ့အခါ လိုက်နာရမည့် စည်းကမ်းချက်များ၊ ကျင့်ဝတ်စံနှုန်းများ လိုက်နာပြီး ဖန်တီးကြရန်နှင့် သတင်းဆိုင်ရာ အချက်အလက်အမှန်/အမှားများကို ဆန်းစစ်ပြီး သုံးသပ်ရေးသားရန် စသဖြင့် မှာကြားသည်။  ဆက်လက်၍ မွန်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်မှူးဒေါ်မြင့်မြင့်ခိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ 


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဝေါဟာရရှင်းလင်းချက်များ၊ သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှု၊ သတင်းအရင်းမြစ်ရှာဖွေခြင်း၊ သတင်း၏အခြေခံဖွဲ့စည်း တည်ဆောက်ပုံ၊ သတင်းရေးသားခြင်း၊ သတင်းဆောင်းပါးရေးသားခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ သတင်းလိုက်ခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်၊ မီဒီယာဆိုင်ရာ သိနားလည်မှု၊ Online အသုံးပြု၍ သတင်းများ ထုတ်ပြန်ခြင်း၊ Social Media (လူမှုမီဒီယာ ဘာသာရပ်)၊ သတင်းမှတ်တမ်းရိုက်ကူးရာတွင် ဆောင်ရန်/ရှောင်ရန်များအစရှိသည့် သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာဘာသာရပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ဆရာများက လာရောက်ပို့ချပြီး စက်တင်ဘာလ ၂၃ရက်နေ့မှ ၂၈ ရက်နေ့ထိ(၆) ရက်ကြာ ဆွေးနွေးသွားကြမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ သင်တန်းသား/သူ(၂၀)ဦး တက်ရောက်ကြသည်။  


ခရိုင်(ပြန်/ဆက်)