နေပြည်တော် ၂၃ စက်တင်ဘာ
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီက ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်ဦးစီးမှူးရုံး၏ “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား” ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Mount Pleasant Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီ ကောင်စီဝင်၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင် ဦးအောင်မြင်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ အခွန်ဆိုင်ရာဥပဒေ၊ အလုပ်သမားရေးရာဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် အချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
အခမ်းနားသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ နေပြည်တော် အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ စီးပွားရေး အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


