ထားဝယ် ၂၃ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက် ၊ မွန်းလွဲ ၁ နာရီတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးCommunity Centre ခန်းမ၌ ကျင်းပမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဉက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးကျော်မင်း ၊ တိုင်းဒေသကြီးဉပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင် ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဝင်းမြင့် ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(ထားဝယ်) ရဲအုပ် အောင်ကျော်မြင့် တို့က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်း ၊ လူကုန်ကူးမှုခံရနိုင်သော အခြေအနေများ အကြောင်း ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာ သိကောင်းစရာများအကြောင်း ၊ မြန်မာနိုင်ငံ၌ဖြစ်ပွားလျက် ရှိသောလူကုန်ကူးမှုများ အကြောင်း၊လူကုန်ကူးမှုဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုအကြောင်း ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဉပဒေဆိုင်ရာများအကြောင်း ၊ နယ်စပ်ဖြတ်ကျော်လူပွဲစားများ အကြောင်းသတိပြုရန်အချက်များနှင့်သတိပြုရမည့်သူများအကြောင်းစသည့်တိုကို ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပါဝင် ဆွေးနွေးနိုင်ကြောင်း သိရသည်။
( ထားဝယ်ခရိုင်ပြန်/ဆက်)


