mdn

မြောက်ဦး  ၂၃   စက်တင်ဘာ 


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူမှုနှင့် မဲဆန္ဒရှင် စာရင်းပြုစု စိစစ်ရေးကို မြို့နယ်ကော်မရှင်ရုံးရှိအစည်းအဝေးခန်းမ၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


စာရင်းကောက်ယူမှုတွင် မြောက်ဦးမြို့ရှိမြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်နှင့်ကျေးရွာအုပ် စု ၉၅ အုပ်စု၊ စုစုပေါင်းကျေးရွာ၊အုပ်စု ၁၀၂ အုပ်စုတွင် ခန့်မှန်းမဲဆန္ဒရှင်စုစုပေါင်း ၁၅၅၄၅၅ (တစ်သိန်းငါးသောင်းလေးထောင်ငါးရာငါးဦး) ရှိသည့်အနက် ယခုလက်ရှိ စက်တင်ဘာ ၂၃ ရက် နေ့ထိ မဲဆန္ဒရှင်စာရင်းပြုစုစိစစ်ရေးပြီးစီးမှုမှာ ၁၂၆၃၀ဝ(တစ်သိန်းနှစ်သောင်းခြောက်ထောင်သုံး ရာ)ဦးထိပြီးစီးလျှက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၈၁.၂၄၅ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် စက်တင်ဘာလတွင် အပြီးသတ်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။ 


                
ခရိုင်ပြန်/ဆက် မြောက်ဦး