လိပ်သို   စက်တင်ဘာ    ၂၃

 

ကရင်ပြည်နယ်၊ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနနှင့် ACCESS   TO HEALTH  ရန်ပုံငွေ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(MHAA) သံတောင်ကြီးမြို့နယ်က REAL Project မှ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား (၂၀၁၉)ကို ယနေ့ နံနက် (၉)နာရီအချိန်က ပြုလုပ် ရာ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်များနှင့် အခြားသူများ (၃၅)ဦး တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် သံတောင်ကြီးမြို့နယ် တာဝန်ခံ ဦးမောင်မောင် (TPC)က ရည်ရွယ်ချက်နှင့် စီမံချက်အကြောင်းများ ရှင်းလင်းပြောကြားပြီး အာဟာရဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လိပ်သိုမြို့ တာဝန်ခံဆရာဝန် ဒေါက်တာဇေယျာဦး၊ ကျန်းမာရေးဆရာမ နော်ဂျဲနီထွန်းနှင့် ဆရာမ နန်းပြုံးပြုံးအောင်တို့က ကျန်းမာရေးအသိပညာပေးအကြောင်းအရာများကို အသီးသီး ဟောပြော ခဲ့ကြပြီးနောက် တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်နှင့်  နို့တိုက်မိခင်များအား ဉာဏ်စမ်း မေးခွန်းများမေးမြန်း၍ အဖြေမှန်သူများကို ဆုလက်ဆောင်များပေးအပ်ခြင်းနှင့် ချက်ပြုတ်ထား သော ကြယ်(၄)လုံးအဆင့်ပါဝင်သော အာဟာရမျှတသော အစားအစာများဖြင့် တည်ခင်းမိတ်ဆုံ စားခဲ့ကြကြောင်း သိရသည်။

 

လိပ်သို (ပြန်/ဆက်)