၂၃ စက်တင်ဘာ


ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၏ အချို့နေရာများနှင့် အိုကီနာဝါတို့တွင် အဆက်မပြတ် တိုက်ခတ်နေသော အင်အားပြင်းထန်သည့် အပူပိုင်းမုန်တိုင်း တာပါ သည် ဖိအားလျော့နည်းသည့် အခြေအနေသို့ ပြောင်းလဲလာသည်။


တာပါမုန်တိုင်းသည် ဂျပန်နိုင်ငံ၏ ကျယ်ဝန်းသော နေရာဒေသများသို့ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပေါ်စေသည်။


ယနေ့မနက် ၉ နာရီ အချိန်တွင် အီရှီကာဝါကမ်းလွန်၊ ဂျပန်ပင်လယ်ပြင်ဘက်သို့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာသည် ဟု ထိုမိုးလေဝသအေဂျင်စီ က ဆိုသည်။


အဆိုပါ မုန်တိုင်းငယ်သည် ဂျပန်ပင်လယ်ပြင်ကိုကျော်ကာ အရှေ့မြောက်ဘက်သို့ ရွေ့လျားသွားဖွယ် ရှိသည်ဟု ထိုအေဂျင်စီ က ဆိုသည်။ ၎င်းမုန်တိုင်းငယ်သည် ယနေ့ညပိုင်းနှင့် အင်္ဂါနေ့မနက် အစောပိုင်းအကြားတွင် ဂျပန်နိုင်ငံ မြောက်ပိုင်းသို့ ချဉ်းကပ်ဖွယ်ရှိသည်။


၎င်းမုန်တိုင်းကြောင့် ကျယ်ပြန့်သော နေရာဒေသ အသီးသီးတွင် ရုတ်တရက်လေပြင်းထန်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မြစ်ရေလျှံခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ လှိုင်းပြင်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးပြောကြားထားသည်။


ယင်းမုန်တိုင်းကြောင့် မီယာဇာကီ၊ နာဂါဆာကီ၊ ဆာဂါ၊ အိုကီနာဝါစီရင်စုများတွင် လူပေါင်း ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီ က ဆိုသည်။ 


တာပါမုန်တိုင်းဖြစ်ပေါ်ခဲ့သဖြင့် ပြည်တွင်းလေကြောင်းခရီးစဉ် ၅၄ ခုခန့်ကို ယနေ့ပယ်ဖျက်ခဲ့သည် ဟု ဖော်ပြထားသည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန် -မြင့်မြင့်ချို

 

1