ရန်ကုန်  ၂၃  စက်တင်ဘာ

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် အပြည်ပြည် ဆိုင်ရာ ကရိသျှ်ဏ အနုဿတိအသင်း(မြန်မာနိုင်ငံ)မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး(ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘာသာပေါင်းစုံခေါင်းဆောင်များ လူငယ်ခေါင်းဆောင်များ၊ လူမျိုးစု လူငယ်ခေါင်းဆောင်များ စသည့် အလွှာအသီးသီး ကိုယ်စားပြုသော လူငယ် ၁၀ဝ၀ ခန့် စုံညီစွာ တက်ရောက်မည့် –၂၀၂၀ ခုနှစ်ကို မေတ္တာဖြင့် ကြိုဆိုခြင်း—အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ကုန်ခန့်တွင် ရန်ကုန်မြို့၌ စီစဉ်ကျင်းပနိုင်ရေးကိစ္စ၊ နွမ်းပါးသော စာသင်ကျောင်းတစ်ခု၌ လူမျိုးဘာသာမရွေး စားသုံးနိုင်ရန် ဟရေးကရိသျှ်ဏ ဘဝအတွက် အဟာရ—အစီအစဉ်ဖြင့် ကျွေးမွေး ဆောင်ရွက်မည့်ကိစ္စ၊ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ လူမျိုးမရွေး ဘာသာမရွေး လာရောက်ပြီး ဘာသာ ပေါင်းစုံငြိမ်းချမ်းစွာ တည်ဆောက်နိုင်သည့် ပြယုဂ်အဖြစ် ဆောင်ရွက်နိုင်သော ငြိမ်းချမ်းမှုနှင့် နားလည်မှု ကျောင်းတော်ကြီး ဆောင်ရွက်လိုခြင်းကိစ္စရပ်တို့ကို အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏအနုဿတိအသင်း (မြန်မာနိုင်ငံ)မှ ကိုယ်စားလှယ်တို့က တင်ပြဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)