နေပြည်တော် ၂၃ စက်တင်ဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် မဲခေါင်သိပ္ပံ Mekong Institute, Trade and Investment Facilitation Department (TIF) ၏ Director , Mr. Dutta Madhuriya နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင်လည်းကောင်း၊ EIF အတွင်းရေးမှူးရုံးမှ Executive Director , Mr. Ratnakar Adhikari နှင့်အဖွဲ့အား မွန်းလွဲ ၂ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
မဲခေါင်သိပ္ပံ မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် လန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများရှိ အထူးစီးပွားရေးဇုန်များဆောင်ရွက်နေမှုကို SEZ Online Platform ဖြင့် သတင်းအချက် အလက်များ ရယူဆောင်ရွက်နိုင်ရေး၊ အထူးစီးပွားရေးဇုန်များ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်ရေး၊ အထူးစီးပွားရေးဇုန်များတွင် နိုင်ငံတကာရင်းနှီး မြှပ်နှံမှုများ လာရောက်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ဆွေးနွေးကြသည်။
EIF အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် EIF အကူအညီဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှုကဏ္ဍ၊ E-commerce ကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အကူအညီများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


