နေပြည်တော်  ၂၃  စက်တင်ဘာ 

၂၀၁၉ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမနှင့် မဏိရတနာ ကျောက်စိမ်းဝင်းအတွင်း၌ ဆက်လက်ကျင်းပသည်။

 

a

 

ယနေ့ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက စိတ်ကြိုက်ကြည့်ရှုလေ့လာ ၍ ဈေးနှုန်းတင်သွင်းလွှာများ ရေးသားတင်သွင်းထားသည့် အတွဲအမှတ် (၃၉၁၂)မှ (၅၂၁၁)အထိ ကျောက်စိမ်းအတွဲပေါင်း(၁၃၀ဝ)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ ကျောက်စိမ်းအတွဲ (၉၇၅)တွဲကို ယူရိုငွေ ၆၀ ဒသမ ၉၆၈ သန်းဖြင့်ရောင်းချသည်။

 

a

 

ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက ဆက်လက်ရောင်းချသွားမည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လှည့်လည်ကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာ (Bidding Form) များကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။

၂၀၁၉ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ဖြစ်သည့် စက်တင်ဘာ ၂၄ရက်တွင် (၅၂၁၂) မှ (၆၅၁၁)အထိ ကျောက်စိမ်းအတွဲပေါင်း(၁၃၀ဝ)နှင့် ဒသမနေ့ဖြစ် သည့် စက်တင်ဘာ ၂၅ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၆၅၁၂)မှ(၇၈၁၁)အထိ ကျောက်စိမ်းအတွဲပေါင်း ၁၃၀ဝ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

သတင်း-မျိုးသူဟိန်း၊ ဓာတ်ပုံ-အေးသန်း