ဆီးချိုကြောင့်ဖြစ်သောမျက်စိပြဿနာများ

 

အမြင်လွှာကွာကျခြင်း

 

အမြင်လွှာကွာကျခြင်းဆိုတာအသက်အရွယ်နဲ့ဆိုင်တဲ့ ရှားပါးတဲ့အခြေအနေဖြစ်ပြီးမျက်လုံးအိမ်အနောက်ပိုင်းကဆဲလ်အလွှာတွေ(အမြင်လွှာ)ကိုအောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေပို့ဆောင်ပေးတဲ့ သွေးကြောတွေ နဲ့အမြင်လွှာကို  ဝေးကွာအောင်တွန်းထုတ်ခံရလို့ဖြစ်လာတာပါပဲ။

 

အမြင်လွှာကွာကျခြင်းဟာဆိုးရွားတဲ့ပြသနာဖြစ်ပြီး ဖြစ်ပွားတဲမျက်လုံးကို လုံးဝကွယ်သွားစေပါတယ်။

 

ဘယ်သူတွေမှာဒီပြဿနာဖြစ်နိုင်လဲ

 

အမြင်လွှာကွာထွက်ခြင်းဟာအောက်ပါပုဂ္ဂိုလ်တွေမှာပိုအဖြစ်များပါတယ်။

 

•    အသက် ၅၀ မှ ၇၅ နှစ်ကြားအရွယ်
•    ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းဖြစ်သူ
•    အဝေးမှုန်လွန်းသူ

 

သင်ဟာ အဝေးမှုန်ဖြစ်ရင် ပုံမှန်ထက်ပါးလွှာတဲ့ အမြင်လွှာနဲ့ မွေးဖွားလာတာဖြစ်လို့ အမြင်လွှာကွာထွက်နိုင်ခြေအမြင့်ဆုံးရှိတတ်ပါတယ်။

 

အမြင်လွှာကွာကျခြင်းဆိုတာဘာလဲ

 

အမြင်လွှာဆိုတာမျက်လုံးအနောက်ဖက်မှာရှိတဲ့ တစ်သျှူးအလွှာဖြစ်ပြီးအာရုံကြောဆဲလ်တွေ သန်းပေါင်းများစွာ ပါဝင်ပါတယ်။အဲဒီဆဲလ်တွေဟာမျက်လုံးဆီရောက်လာတဲ့ အလင်းရောင်ကိုလက်ခံရယူပြီးဦးနှောက်ကိုအချက်ပြချက်တွေ ပို့ပေးပြီးအမြင်အာရုံကို ဖြစ်ပေါ်စေပါတယ်။

 

ဒါပေမယ့် အမြင်လွှာကိုသွေးမလျှောက်တာကြာရင် ဒီဆဲလ်တွေဟာပျက်စီးသွားပါတယ်။ အမြင်လွှာကွာသွားရင် ပုံမှန်အနေအထားကနေအဆွဲခံရပြီးကြွတက်လာပါတယ်။ အချိန်နဲ့တပြေးညီမကုသရင် မျက်လုံးဟာအမြဲကွယ်သွားနိုင်ပါတယ်။

 

တချို့ဖြစ်ရပ်တွေမှာအမြင်လွှာနေရာအချို့ဟာစုတ်ပြဲသွားတတ်ပါတယ်။ အဲဒီနေရာတွေကိုအမြင်လွှာစုတ်ပြဲခြင်း၊ အမြင်လွှာပျက်စီးခြင်းလို့ခေါ်ပြီးအမြင်လွှာကွာကျတဲ့အခြေအနေ ဖြစ်ပေါ်စေပါတယ်။


အမြင်လွှာကွာတဲ့လက္ခဏာတွေကဘာတွေလဲ

 

အမြင်လွှာကွာရုံသက်သက်ဟာဘာမှမခံစားရပါဘူး။ ဒါပေမယ့် လက္ခဏာတွေဟာ ဖြစ်မလာခင် ကတည်းက ကြိုပေါ်လာတတ်ပါတယ်။ လက္ခဏာတွေကတော့ –
•    တောက်ပသောအလင်းများ မြင်နေရခြင်း (အထူးသဖြင့် မြင်ကွင်း၏ ဘေးပတ်လည်)
•    အမြင်မကြည်ခြင်း
•    မျက်လုံးတွင်းအစက်အပြောက်များပေါလောမျောနေခြင်း
•    မျက်လုံးတဖက်၏ မြင်ကွင်းတွင် အရိပ်များမြင်ခြင်း၊ ကွယ်ခြင်း

 

များသောအားဖြင့် လက္ခဏာတွေဟာထင်ထင်ရှားရှား ပြတတ်ပါတယ်။ စောစီးစွာသိရှိကုသခြင်းဟာအမြင်အာရုံကိုကာကွယ်နိုင်ပါတယ်။ အမြင်လွှာကွာတယ်လို့ သံသယရှိတဲ့အခါ လက္ခဏာတွေ ပေါ်ပေါ်ခြင်း မျက်စိအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။


ဘာကြောင့် အမြင်လွှာကွာတတ်လဲ။

 

အသက်ကြီးလာတာနဲ့အမျှ မျက်စိရဲ့ အမြင်လွှာပိုင်းဟာပါးပြီးပျက်စီးလွယ်လာတတ်ပါတယ်။

 

အမြင်လွှာထဲမှာအပေါက်သေးလေးတွေ ဖြစ်လာပြီးအမြင်လွှာနဲ့ မှန်ဘီလူးကြားအရည်များ ဝင်ရောက်လာတဲ့အခါ အမြင်လွှာအောက်ကိုစိမ့်သွားတတ်ပါတယ်။

 

အမြင်လွှာအောက်မှာအရည်တွေ အများကြီးစုသွားခြင်းဟာအမြင်လွှာနဲ့အောက်ခြေကသွေးကြောလေးတွေကို ဝေးကွာသွားစေပါတယ်။ အဲဒီအခါမှာအမြင်လွှာဟာသွေးကြောများဆီကအောက်ဆီဂျင်မရတော့ဘဲအလင်းအာရုံခံဆဲလ်တွေ ပျက်စီးစေပါတယ်။

 

ဆီးချိုကြောင့် အမြင်လွှာပျက်ခြင်း

 

ဆီးချိုကြောင့် အမြင်လွှာပြတ်တာဟာဆီးချိုရဲ့ ရေရှည်နောက်ဆက်တွဲပြသနာတခုဖြစ်ပြီးလူကြီးတွေကိုမျက်စိကွယ်စေပါတယ်။

 

အမြင်လွှာပျက်ခြင်းဟာဆီးချိုရဲ့ အဓိကအမှတ်အသားဖြစ်တဲ့ သွေးတွင်းသကြားဓာတ် ကြာရှည်စွာမြင့်တက်ခြင်းကြောင့် ဖြစ်ပြီးအမြင်လွှာထဲကသွေးကြောငယ်လေးတွေကိုပျက်စီးစေပါတယ်။

 

တခြားအကြောင်းများ

 

တခြားသိပ်မထင်ရှားတဲ့ အကြောင်းအရာတွေကတော့-


•    မျက်လုံးအိမ်အတွင်းပိုင်းရောင်ခြင်း
•    မျက်စိထိခိုက်ဒဏ်ရာရခြင်း – မျက်လုံးကိုတိုက်ရိုက်ခိုက်မိရင် အမြင်လွှာမှာအပေါက်တွေဖြစ်ပေါ်စေပါတယ်။
•    ယခင်ကမျက်စိခွဲစိတ်မှု ခံယူဖုူးခြင်း။ ဥပမာအတွင်းတိမ်ခွဲထုတ်ခြင်းဟာအမြင်လွှာကိုထိခိုက်မှုပိုပြီး ဖြစ်လာစေတတ်ပါတယ်။

 

ကိုသူ့နေရာကနေ ကြွတက်လာစေပါတယ်။


ဆရာဝန်ဟာ ရောဂါကိုဘယ်လိုအတည်ပြုမလဲ မျက်စိဆရာဝန်က သင့်မျက်လုံးကိုစစ်ဆေးပါလိမ့်မယ်။ အမြင်လွှာနဲ့ သူငယ်အိမ်ကိုစစ်ဆေးဖို့ အောက်ပါအတိုင်းစစ်ဆေးနိုင်ပါတယ်။

 

•    ရောင်ခြည်ဖြင့်သွေးကြောစစ်ဆေးခြင်း။ အထူးဆိုးဆေးနဲ့ ကင်မရာကိုသုံးပြီးသွေးစီးဆင်းမှုကို ကြည့်ပါတယ်။
•    ရေချိန်တိုင်းခြင်း။ မျက်လုံးအိမ်အတွင်းဖိအားချိန်ပါတယ်။
•    မျက်လုံးအတွင်းကြည့်မှန်ဘီလူးဖြင့်ကြည့်ခြင်း။ အမြင်လွှာအပါအဝင် မျက်လုံးနောက်ပိုင်းကိုပါ စစ်ဆေးပါတယ်။
•    အလင်းယိုင်မှုစစ်ဆေးခြင်း။ မျက်မှန်ပါ စစ်ပါတယ်။
•    အရောင်မြင်နိုင်စွမ်းစစ်ဆေးခြင်း။
•    မြင်နိုင်စွမ်းစစ်ခြင်း။ စာလုံးသေးလေးတွေ ဖတ်ခိုင်းပါတယ်။
•    မျက်စိစမ်းသည့်ကိရိယာဖြင့်မျက်လုံးရှေ့ပိုင်းတည်ဆောက်ပုံစစ်ခြင်း
•    အသံလှိုင်းဖြင့်စစ်ဆေးခြင်း

 

အမြင်လွှာကွာခြင်းကိုဘယ်လိုစီမံနိုင်မလဲ

 

အမြင်လွှာကွာတာဟာကွာတဲ့အပိုင်းပေါ်မူတည်ပြီးသင့်ရဲ့အမြင်အာရုံတစိတ်တပိုင်းကိုဆုံးရှုံးစေပါတယ်။မျက်စိကွယ်တဲ့ အတိုင်းအတာအရသင့်ရဲ့နေထိုင်မှုပုံစံဟာသိသိသာသာပြောင်းသွားနိုင်ပါတယ်။  ဒီချို့ယွင်းမှုနဲ့ ပတ်သက်ပြီးလုပ်ဆောင်ရမှာတွေကတော့-

 


•    သွားလာရေးကိစ္စဆန်းစစ်ပါ။ ဗန်ကားများ၊ ဘတ်စ်ကားများစုံစမ်းပါ။ မျက်စိဝေဒနာရှင်များအတွက် စေတနာ့ဝန်ထမ်း ယာဉ်မောင်းအဖွဲ့များ၊ လမ်းကြုံများရှိမရှိစုံစမ်းပါ။
•    အထူးမျက်မှန်တပ်ပါ။ အမြင်လွှာကွာခြင်းအတွက် သီးသန့်ဖြစ်တဲ့ မျက်မှန်ကိုတပ်ပါ။ အခြားအမြင်ထောက်ကူပစ္စည်းများလည်းသုံးစွဲနိုင်ပါတယ်။
•    နည်းပညာအကူအညီယူပါ။ စကားသံထွက်ဖတ်ပေးတဲ့ စာအုပ်တွေ၊ ကွန်ပျူတာစာတွေကိုဖတ်ပေးမယ့် နည်းပညာတွေဟာစာဖတ်ဖို့ ကူညီပါလိမ့်မယ်။ တခြားနည်းပညာတွေလည်းတိုးတက်နေပါတယ်။
•    အိမ်ကိုအလင်းရောင်မြှင့်ထားပါ။ စာဖတ်ဖို့နဲ့ တခြားလုပ်စရာတွေအတွက် လုံလောက်တဲ့ အလင်းရောင်ထားပါ။
•    သင့်အိမ်ကိုဘေးကင်းလုံခြုံအောင် လုပ်ပါ။အချွန်အတက်များဖယ်ထားပါ။ အတက်အဆင်းအစွန်းတွေကိုအရောင်ပါတဲ့ တိပ်ကပ်ထားပါ။ လှုပ်ရှားရင် အလိုအလျောက်လင်းတဲ့ မီးများတပ်ဆင်ပါ
•    အကူအညီပေးနိုင်သူများစာရင်းလုပ်ထားပါ။ မိတ်ဆွေများ၊ မိသားစုဝင်များကို မိမိအမြင်အာရုံ ပြဿနာကိုဖွင့်ပြောထားရင် အကူအညီရနိုင်ပါတယ်။
အမြင်လွှာကွာခြင်းကိုကာကွယ်ဖို့ နည်းလမ်းမရှိပါဘူး။ ဒါပေမယ့် အောက်ပါလက္ခဏာတွေကိုသတိထားရင် အထောက်အကူပြုနိုင်ပါတယ်။
•    မြင်ကွင်းတွင် မျောနေသည့် အစက်အပြောက်များရုတ်တရက်များလာခြင်း
•    အလင်းရောင်များတောက်ပလာခြင်း
•    မြင်ကွင်းထဲတွင် အရိပ်များကွယ်လာခြင်းအဲ့ဒီလက္ခဏာတွေ သတိထားမိရင်၊ အထူးသဖြင့် သင်ဟာအသက် ၄၀ ကျော်လာရင်၊ သင်နဲ့ သင့်မိသားစုဟာအမြင်လွှာကွာတာကို ကြုံဖူးရင်၊ သင်ဟာ အဝေးမှုန်လွန်းရင် ဆေးကုသမှုကိုချက်ချင်းခံယူသင့်ပါတယ်။

 

ရေးသားသူ Dr.Thant Zinဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”