ဟားခါး ၂၄ စက်တင်ဘာ
ဟားခါးခရိုင်မီးသတ်ဦးစီးဌာနနှင့် ချင်းပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများကို စက်တင်ဘာ ၂၃ ရက်တွင် ဟားခါးမြို့၊ Amazon Private ကျောင်း၌ကျင်းပရာ ဟားခါးခရိုင် မီးသတ်ဦးစီးမှူးရုံး၊ ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်ဟုန်းထန်းအွယ်က မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်း၊ ဟားခါးမြို့နယ် မီးသတ်စခန်း ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့်ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း၊ မော်တော်ယာဉ် မတော်တဆမှုများတွင် ပိတ်ဆို့နေသော လူနာအား Lifting Bag အသုံးပြု၍ ကယ်ဆယ် သရုပ်ပြခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအသုံးပြု၍ စွမ်းရည်ပြသခြင်း၊ ပိုလန်နိုင်ငံထုတ် Medium Firefighting နှင့် Rescue Vehicleတို့ဖြင့် မီးငြိမ်းသတ် စွမ်းရည်ပြသခြင်းများကို လက်တွေ့သရုပ်ပြ ဆောင် ရွက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲနှင့်သရုပ်ပြပွဲ အခမ်းအနားသို့ Amazon Private ကျောင်း၊ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများစိတ်ပါဝင်စားစွာတက်ရောက်လေ့လာခဲ့ကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်)


