ဆိပ်ဖြူ   ၂၄   စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူအများ စားသုံးရန်မသင့်သည့် လူသုံးကုန်ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီက ပတ္တမြားဈေးတွင် ကွင်းဆင်းစစ်ဆေးသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆိပ်ဖြူမြို့နယ်တွင် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ပြန်ကြော်ငြာထားရှိသည့် အများပြည်သူ စားသုံးရန် မသင့်သော ဆေးဝါးများကို ဒေသခံပြည်သူအများ ဝယ်ယူ စားသုံးခြင်းမရှိစေရန်၊ ရောင်းချဖြန့်ဖြူးခြင်း မရှိစေရန်၊ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချမှုရောင်းချမှုမရှိရန်၊ ကုန်အမှတ်တံဆိပ် သတ်မှတ်စည်းကမ်းချက်များနှင့် ပြည့်စုံမှု ရှိ/မရှိများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ ၂၀၁၉ သြဂုတ်လ ၅ ရက် တို့တွင် ကြော်ငြာထားရှိသည့်  အနောက်တိုင်းဆေးဝါးရောနှောပြီး မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်ဆေး  ရွှေဆေး အဆစ်အမြစ် အကိုက်အခဲပျောက်ဆေးကို  ရောင်းချခြင်း၊ သုံးစွဲခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိုးလင်းနိုင်(IPRD)

 

mdn