ကျောက်တံခါး  ၂၄  စက်တင်ဘာ


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ လေပြင်းတိုက်ခတ်မှုဒဏ် ခံခဲ့ရသော ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးတို့က အမှာစကားများ ပြောကြားခဲ့ပြီး စက်တင်ဘာ ၂၁ ရက်က တိုက်ခတ်သွားသည့် လေပြင်းဒဏ်ကြောင့် ကြာအင်းကုန်း၊ ခင်အင်းကြီး၊ ဆင်ဇလုပ်၊ ဆားပြင်၊ ကင်မွန်းအင်း၊ မကျီးပင်၊ အောင်မြင်၊ ကျောင်းစိုး၊ ရွာမကျေးရွာအုပ်စုများမှ ပြိုလဲဘုန်းကြီးကျောင်း (၃)ကျောင်း၊ အမိုးလန် ဘုန်းကြီးကျောင်း (၃)ကျောင်းနှင့် ပြိုလဲ နေအိမ် (၁၅)လုံး၊ အမိုးလန်နေအိမ် (၃၁)လုံးတို့အတွက် ထောက်ပံ့ငွေကျပ် ၂၈၅၇၈၀ဝ နှင့်အတူ ပြိုလဲနေအိမ် (၁၅)လုံးအတွက် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း ၁၅ မျိုးပါ ထောက်ပံ့ပစ္စည်း (၁၅)ပုံးအား တာဝန်ရှိသူများက မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ခင်ကို(ကျောက်တံခါး)