မြန်အောင် ၂၄ စက်တင်ဘာ
ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြန်အောင်မြို့ နေခြည်ဈေး ဓမ္မာရုံတွင် ယနေ့ မွန်းတည့် ၁၂ နာရီ စားသုံးသူ ဘေးကင်းလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကြည်ဟန်က စားသုံးသူ ဘေးကင်းလုံခြုံရေး လိုက်နာရမည့်အချက်များ၊ စားသုံးရန်မသင့် သတ်မှတ်ထားသော စားသောက်ကုန်များ ရောင်းချခြင်း မပြုရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုခရိုင်မှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်နှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြပြီး စားသုံးသူပြည်သူများသို့ အသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဝင်းဗိုလ်(ပြန်/ဆက်)


