ကျောင်းကုန်း  ၂၅   စက်တင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သင်္ချာအိုလံပစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ Grade -9 (၂၄)ဦး၊ Grade -10 (၂၈)ဦး နှင့် Grade -11 (၂၉)ဦး၊ စုစုပေါင်း (၈၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

၇

 

ပြိုင်ပွဲမှ ထူးချွန်သော ကျောင်းသား ကျောင်းသူ (၁၀)ဦးစီသည် တိုင်းဒေသကြီးအဆင့် ထူးချွန်ပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် လည်းကောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်လည်းကောင်း  မြန်မာနိုင်ငံသင်္ချာအသင်းက ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ  သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)