ဓနုဖြူ ၂၅ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ အားကစားနှင့်ကာယပညာကော်မတီနှင့် စားပွဲတင်တင်းနစ် ဆပ်ကော်မတီတို့ ပူးပေါင်း၍ စားပွဲတင်တင်းနစ်ခုံနှင့် အားကစားပစ္စည်းများပေးအပ်ပွဲအား စင်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်လှ၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးကြည်တို့မှ အမှာစကားပြောကြားပေးပြီး မြို့နယ် စားပွဲတင်တင်းနစ် ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်မှ လှူဒါန်းရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီးထံသို့ စားပွဲတင်တင်းနစာခုံနှင့် အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် မွန်းလွဲ ၂ နာရီတွင် စားပွဲတင်တင်းနစ်ခုံနှင့် အားကစားပစ္စည်းများ ပေးအပ်ပွဲအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ပြုလုပ်ခဲ့သည်။ အဆိုပါစားပွဲတင် တင်းနစ်ခုံနှင့် အားကစားပစ္စည်းတန်ဖိုးမှာ ငါးသိန်းကျော်ဖြစ်ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)


