ဒလ ၂၅ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်သီရိဇေယျနော်ရထာခမ်းမတွင် ယနေ့ နံနက်ပိုင်းက စွန့်ပစ်အမှိုက်စီမံခန့်ခွဲမူ့အသိပညာပေးဆွေးနွေးမူများအားပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌဒေါ်မြင့်မြင့်ကြည်၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်(၆)ဒေါ်သန်းမြင့်အောင်တို့မှစနစ်တကျအမှိုက်စွန့်ပစ်ခြင်းဆိုင်ရာများအားပြောကြားသည်။
ထို့နောက် တာဝန်ရှိသူတစ်ဦးက အမှိုက်များအား စနစ်တကျစွန့်ပစ်ရေးနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျောင်းသား/သူလေးများနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများမှ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းအား တေးသရုပ်ဖော်ပြုလုပ် ပြသရာ ကျောင်းသား/သူလေးများစိတ်ဝင်စားနှစ်သက်သဘောကျကာအတူတကွလိုက်ပါ လုပ်ဆောင်ခဲ့ကြသည်။
အမှိုက်များအား စနစ်တကျစွန့်ပစ်လာတတ်ရေးအား လူကြီးများထက် ကျောင်းသား/သူများအားစည်းရုံးဆောင်ရွက်စေခြင်းကပို၍ထိရောက်ကြောင်း၊ ထို့ကြောင့်ကျောင်းသား ကျောင်းသူများအားပညာပေးဆွေးနွေးမူ့များပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အမှိုက်များအားစည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့်ဖြစ်ပေါလာမည့်ဆိုးကျိုးများအား သိရှိနားလည်ခြင်းဖြင့် ပတ်ဝန်းကျင်ကောင်းများကိုဖ န်တီးနိုင်မည့်လူငယ်များဖြစ်လာမည်ဖြစ်ကြောင်းကော်မတီဝင်(၆)ကထည့်သွင်းပြေားကြားခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်စီမံခန့်ရေးလုပ်ငန်း တာဝန်ခံအဖွဲ့ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှပြုလုပ်သည့်စွန့်ပစ်အမှိုက်စီမံခန့်ခွဲမူ့အသိပညာပေးဆွေးနွေးပွဲသို့ကော်မတီဝင် ၆ နှင့်အတူ ကော်မတီဝင် ၈ ဦးသူရအောင်၊တောင်ပိုင်းခရိုင်စီမံဌာနမှူး ဦးအောင်သန်းထွန်း၊တောင်ပိုင်းခရိုင်လ/ထဌာနမှူးဒေါ်နန်းတင်ယုဆွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်၊တောင်ပိုင်းခရိုင် သန့်ရှင်းရေးတာဝန်ခံဦးသက်ဝေနှင့် ဒလမြို့နယ်မှ တာဝန်ရှိသူများ၊မြို့နယ်တွင်းမှအလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
မောင်ယဉ်ဦး (ဒလ)


