ကျွန်းလှ    စက်တင်ဘာ   ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် GEF-6၏ အထောက်အပံ့ဖြင့်သစ်တော ဦးစီးဌာန အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ IUCN နှင့် The Nature Conservancy (TNC)တို့ပူးပေါင်း၍ရေမြေတောတောင်ဝန်းကျင်ပြန်လည်ပြုစုပျိုးထောင်ရေးမြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျွန်းလှမြို့သီတဂူဗုဒ္ဓတက္ကသိုလ်၌ ကျင်းပကြောင်းသိရသည်။

 


ဆက်လက်၍The Restoration Initiative (TRI) Myanmar စီမံကိန်း (IUCN) မန်နေဂျာMs.Li Jiaနှင့်Mr.Bo Lagerတို့ကစီမံကိန်းလုပ်ငန်းဆိုင်ရာများအကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားကြသည်။

 

၅

 

ဆွေးနွေးပွဲတွင် သစ်တောများ ပျက်စီးပြုန်းတီးနေမှုနှင့် မြေအတန်းအစား ကျဆင်းနေမှုထိန်းချုပ်နိုင်ရေး၊ ရေမြေတောတောင်ဝန်းကျင်ပြန်လည်ပြုစုပျိုးထောင်ခြင်းဆိုင်ရာအသိပညာဗဟုသုတရရှိရေး၊ မူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အဖွဲ့အစည်းများနှင့် ငွေကြေးအထောက်ပံ့မှုများတွင်ကြုံတွေ့နိုင်သောအခက်အခဲများ ဖြေရှင်းရေးအကြောင်းတို့ကို သုံးရက်ကြာပြုလုပ်မည်ဖြစ်ကြောင်းကျွန်းလှမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 

အဆိုပါ စီမံကိန်းကိုစစ်ကိုင်းတိုင်းဒေသကြီး/အင်းတော်/ကန့်ဘလူ/ကသာ/ကျွန်းလှ/ထီးချိုင့်မြို့နယ်များတွင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီးကျေးရွာ(၁၂)ရွာအားရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

မျိုးဝင်းညို  (ကျွန်းလှ)