ညောင်ဦး ၂၅ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်အတွင်း စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မြိို့နယ်အဆင့် စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီက ညောင်ဦးမြို့၊ အောင်မြေသာရပ်ကွက်ရှိ အောင်မြေသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပ သည်။
စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲတွင် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်း က မြို့နယ်အတွင်း ကျေးရွာပေါင်း(၂၂၀)တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ ငွေဖြင့် ကောင်အထည်ဖော်ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး စီမံကိန်းရည်ရွယ်ချက် ၊ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဌေးဦး က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် တက်ရောက်လာသူများမှ ကျေးရွာအလိုက် ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းလုပ်ငန်းများ အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် လူထုဗဟိုပြုစီမံကိန်းဝင်ကျေးရွာများမှ ကော်မတီဝင်များက ကျေးရွာအလိုက် စတုတ္ထနှစ် စက်ဝန်း စီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် အခြေခံအဆောက်အဦများ၊ လူမှုစီးပွားကဏ္ဍများ၊ သက်မွေးဝမ်းကေျာင်းဆိုင်ရာ အခန်းကဏ္ဍများ၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများ ၊ အခြား ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ျားနှင့် စပ်လျဉ်းပြီး တွေ့ကြုံရသည့် လုပ်ငန်းအားသာချက် ၊ အားနည်းချက်များ၊ ကျေးရွာပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှုများ ၊ စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျ ထိန်းသိမ်းကာကွယ်ရမည့်နည်းလမ်းများနှင့် ကျေးရွာအတွက် အကျိုးကျေးဇူးရရှိနိုင်မည့်အခြေအနေများကို ဝိုင်းဝန်းအကြံပြု တင်ပြဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာသူ များ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးထွဏ်းထွဏ်းဝင်း က လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးရွာ စီမံကိန်းကော်မတီဝင်များအနေဖြင့် ဆက်လက် ထိန်းသိမ်းသွားကြရန် ဆွေးနွေးပြောကြားသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲအား ကျေးလက်နေပြည်သူများ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်လိုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကျေးရွာအတွက် အကျိုးရှိစွာ အသုံးချ နိုင်ရန်၊ တီထွင်ကြံဆမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း သိရပြီး စက်တင်ဘာ ၂၆ ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )



