မင်းလှ ၂၅   စက်တင်ဘာ

 
 
ပဲခူတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျောင်းသား ကျောင်းသူများတွင်ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့် ကောင်းများရရှိကျင့်သုံးနိုင်စေရရန်နှင့် သန့်ရှင်းသောကျောင်းပတ်ဝန်းကျင်များပေါ်ထွန်းလာစေရန်အတွက် ယနေ့ နံနက်ပိုင်းက အ.လ.ကလမ်းမတော်ကျောင်း၌ကျောင်းကျန်းမာရေး လူပ်ရှားဆောင်ရွက်ပေးခြင်းကို မကွေးဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူများက ကွင်းဆင်းလ့လာကူညီ ဆောင်ရွက်ပေးခဲ့သည်။

 

 ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စန်းဝင်း က ကျန်းမာရေးဦးစီးဌာနနှင့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများတို့က ကျောင်းကျန်းမာရေးလာရောက်ဆောင်ရွက်ပေးခြင်း ကိုကျေးဇူးတင်စကားပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်သူနာပြုအဆင့်(၁)ဒေါ်ဥမ္မာဝင်းနှင့် ကျန်းမာရေးသူနာပြုဆရာမများ၊ မကွေးဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား မောင်အောင်မြတ်ကိုနှင့်အဖွဲ့တို့က ကလေးငယ်များအား စနစ်မှန်သွားတိုက်နည်းများ၊ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ၊ ခြင်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ကာကွယ်ရန်နည်းလမ်းများ၊ ကျန်းမာရေးနှင့် ညီညွတ်သော အဟာရများမျှတစွာစားသုံးတတ်စေရန်နည်းလမ်းများတို့အားအသိပညာပေးပြောကြားသည်။ 

 

ထို့နောက်  ကျောင်းသားကျောင်းသူလေးများအား  ကိုယ်အလေးချိန်တိုင်းခြင်း၊ လက်ဆေးနည်းများသင်ကြားခြင်း၊ တစ်ကိုယ်ရည်ကျန်းမာရေး စစ်ဆေးခြင်းနှင့်ကုသပေးခြင်း၊ အရပ်တိုင်းခြင်း၊ မျက်စိစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးကုသပေးခြင်း၊  colgate သွားတိုက်ဆေးဘူးများဝေဌပေးခြင်း၊ သောက်ရေသုံးရေကန်များတွင် အဘိတ်ဆေးခတ်ပေးခြင်း၊ ဖုံး သွန် လဲ စစ်ပြုလုပ်ခြင်း၊ ကျောင်းမုန့်ဈေးတန်းဆိုင်းကိုကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများရောင်းခြင်း ရှိမရှိစစ်ဆေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးစစ်ဆေးခြင်းတို့ဖြင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မူများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


 
ပေါက်စ မင်းလှ