မြောင်းမြ ၂၅ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် လူမူဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြောင်းမြခရိုင် လူမှုဝန်ထမ်းရုံး မူကြိုကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်သန္တာက ၁၉၉၃ ခုနှစ် ကလေး သူငယ် ဥပဒေအကြောင်း ၊ ယခု (၂၀၁၉)ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (The Child Right Law-2019) နှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ရည်ရွယ်ချက်၊ ကလေးသူငယ် အခွင့်အရေးများ ၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း ၊ ခေါင်းပုံဖြတ်ခြင်း ၊ ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း ၊ ဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒါဏ်များ အကြောင်းတို့ကို Project Power Point ဖြင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ သိလိုသည်များကို ရှင်းလင်း ဖြေကြားပေးခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ၊ မြောင်းမြခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြို့နယ်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များ ၊ မြောင်းမြ ၊အိမ်မဲ ၊ ဝါးခယ်မ မြို့နယ်များမှ ကလေးသူငယ် စောင့်ရှောက်ရေး ပရဟိတ အသင်းတာဝန်ခံများ ၊ NGO အဖွဲ့များနှင့် အရပ်ဖက် ပရဟိတ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(မြောင်းမြ)


