ငဖဲ   ၂၅   စက်တင်ဘာ 

 

မင်းဘူးခရိုင်၊ငဖဲမြို့နယ်၌ ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ဧက ၉၆၅၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက် စိုက်ဧက မှာ မနောသုခ(၃၅၆၆)ဧက၊ ဆင်းသုခ(၂၃၁၀)ဧက၊ ရတနာတိုး(၁၆၀ဝ)ဧက၊ ဧရာမင်း (၁၄၁၈)ဧက၊ ကောက်ညှင်း (၄၁)ဧကနှင့်တောင်ယာ(၇၁၉)ဧက စုစုပေါင်း (၉၆၅၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု စာရင်းအင်းဦးစီးဌာနရုံးမှ သိရှိရသည်။ငဖဲမြို့နယ်တွင် ၂၀၁၈ခုနှစ်၊ မိုးစပါးဧက ၁၀၉၇၀ ဧကစိုက်ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၁၀၂၅၁)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၁၀၂၅၁ ဧကတွင် တစ်ဧကအထွက်နှုန်း ၇၇.ဝ၅ တင်းထွက်ရှိ ခဲ့ကြောင်းသိရသည်။

 

မိုးစပါး စိုက်ပျိုးရန်ရေကို အစိုးရဆည်မှ(၃၄၅၁)ဧက၊ မန်းချောင်းရေလှောင်တမံဆည်မှ (၂၉၅၅)ဧက၊ ရင်းရှည်ရေလှောင်တမံဆည်မှ (၄၉၆)ဧက၊ ဆည်ငယ်၊ကန်ငယ်များမှ(၄၁၉၇)ဧက၊မိုးရေမှ(၁၂၈၇)ဧက နှင့်တောင်ယာ စိုက် ဧက(၇၁၉)ဧက သို့ စိုက်ပျိုးရေရရှိပြီး စိုက်ပျိုးပြီးစီးခဲ့သည်။

 

ယခုနှစ် မိုးစပါးကို ယခင်နှစ်ကထက် (၅၉၇) ဧက စိုက်ပျိုးမှုလျော့နည်းသွားခြင်းမှာ တောင်ယာ စပါးစိုက်ပျိုးမှု နည်းလာခြင်း၊ မိုးကောင်းသောက်လယ်များသို့ ဆည်ငယ်၊ ကန်ငယ်များမှရေဝင်ရောက်မှု နည်းပါး သောကြောင့် ဖြစ်ကြောင်းသိရသည်။

 

မယု(ငဖဲ)