ညောင်ဦး ၂၅ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့မင်းမေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေကြောင်း သိရ၍ စက်တင် ဘာ ၂၄ ရက်၊ နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ သောက်သုံးရေဖူလုံစေရန် ရေဂါလန် ၃၂၀ဝ ဆံ့ ရေသယ်ယာဉ်တစ်စီး သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သောက်သုံရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သွားရောက် လှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ပရဟိတ အသင်းသားများက ရေဂါလန် ၃၂၀ဝ ဆံ့ ရေသယ်ယာဉ်တစ်စီးအား စာသင်ကျောင်းရှိ ရေလှောင်အုတ်ရေကန်အတွင်း ဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း သိရပြီး သောက်သုံးရေအခက်ကြုံနေချိန်တွင် သောက်သုံးရေများ လာရောက်လှူဒါန်းပေး သဖြင့် ဆရာ၊ ဆရာများနှင့် ကျောင်းသားကျောင်းသူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


