ကျိုက်မရော ၂၅   စက်တင်ဘာ  

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် မုဒုံချောင်းနှစ်ခွသွားကားလမ်းပေါ်ရှိ ယာယီတည်ဆောက်ပေးထားသော ကဒါကျေးရွာရှိ ဘေလီကြက်ဖတံတားသည် ကားကြီးများ ဖြတ်သန်းသွားလာမှုများ၍ ခံနိုင်ဝန်အားနည်းလာပြီးအောက်ခံသံပေါင်များကျိးကျမှု ယနေ့နံနကိပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည် ။

 

အဆိုပါ ဘေလီတံတားမှာသြဂုတ်လအတွင်းရေကြီးမှုဖြစ်စဉ်ကြောင့်ချောင်းရေများတိုက်စားပြီးပြိုကျပျက်စီးခဲ့သော တံတားဟောင်းအစား ခရီးသွားပြည်သာများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ယာယီတည်ဆောက်ပေးခဲ့သော တံတားတစ်စင်းဖြစ်ပြီးယခုလအတွင်းကုန်တငိကားကြီးများနှင့်ကျောကိကားများဖြတ်သန်းသွားလာမှုများသဖြင့်အောက်ခံသံဘောင်များကျိုးကျခဲ့သဖြင့်ဆောက်လုပ်ရေးဦးစီးဌာန( လမ်းတံတား)မှတာဝန်ခံအင်ဂျင်နီယာနှင့်ဝန်ထမ်းများကခရီးသွားပြည်သူများသွားလာမှုမပြတ်တောက်စေရန်အချိန်နှင့်တစ်ပြေးညီပြန်လည်ပြု
ပြင်ဆောင် ရွက်ပေးလျှက်ရှိကြောင်း(လမ်းဦးစီး)ဌာနတာဝန်ရှိသူထံမှသိရသည် ။

 

ယခုအချိန်တွင်ဆိုင်ကယ်များနှင့် ခရီးသွားများဖြတ် သန်းသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် ကားလမ်းကိုခေတ္တပိတ်ထားရကြောင်းနှင့်ကားများပြန်လည်ဖြတ်သန်းနိုင်ရန်အချိန်မီပြုပြင်နေပြီဖြစ်ကြောင်းကဒါကျေးရွာမှပြည်သူတစ်ဦးကပြောသည်။

 

ချိုမြတ်မြတ်ထွေး  ( ပြန်/ ဆက်)