မူဆယ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များကို မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်က စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မူဆယ်ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျပ်(၃)သိန်းစီ စုစုပေါင်း(၂၄)သိန်းကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
မူဆယ်မြို့၊ နယ်စပ်ဒေသသည် တရုတ်နိုင်ငံနှင့် ဆက်စပ်လျက်ရှိသော စီးပွားရေးမြို့ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ လာရောက်အလုပ်လုပ်ကိုင်ရှာဖွေသည့် မြို့ဖြစ်ပါသည်။ မူဆယ်မြို့တွင် ကချင်၊ ယား၊ ကရင်၊ ချင်း၊ ဗမာ၊ ရခိုင်၊ ရှမ်းနှင့် တအာန်း(ခေါ်)ပလောင်နှင့် လီဆူ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့(၈)ဖွဲ့၊ ဖွဲ့စည်းထားပြီး စည်းလုံးချစ်ကြည်စွာဖြင့် အခိုင်အမာဖွဲ့စည်းရပ်တည်ထားကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


