ဗန်းမော်  ၂၅  စက်တင်ဘာ


စားသုံးသူအရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းဝင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။ 


ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ဌာန၏ လုပ်ငန်းတာဝန်များ၊ စားသုံးသူရေးရာ ကိစ္စများနှင့် ဌာနအနေဖြင့် ပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး (အစားအသောက်) ဒေါ်ဟေမာန်ထွန်းနှင့် ဒုကြီးကြပ်ရေးမှူး(ဆေးဝါး) ဒေါ်ရီရီဝင်းတို့က မိမိဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲကို ပြည်သူလူထုအတွင်း ကြုံတွေ့နေရသော စားသုံးသူရေးရာ အခက်အခဲများကို တင်ပြဆွေးနွေးရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ဒေသခံပြည်သူ ၁၀ဝ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


(ခရိုင် ပြန်/ဆက်)