နေပြည်တော် ၂၅ စက်တင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင် ဒေါက်တာ သန့်သော်ကောင်းတို့ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် လူထုအခြေပြုဗဟိုဌာနများကို အခြေပြုပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွေ့လျားစာကြည့်တိုက်လုပ်ငန်းများနှင့် ကွန်ပျူတာ သင်တန်းများဆောင်ရွက်မှု၊ ကလေးစာဖတ်ခန်းနှင့် ပြတိုက်ငယ်များဆောင်ရွက်မှု၊ ပြည်သူ့စကားဝိုင်း (Public Talk)များနှင့် စာဖတ်ဝိုင်းများကျင်းပမှု၊ ပြပွဲပြိုင်ပွဲများအပါအဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့် ဘဏ္ဍာငွေလျာထားဆောင်ရွက်မှုတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


