နေပြည်တော် ၂၅ စက်တင်ဘာ

           

မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၏ (၂၂)ကြိမ်မြောက် ပုံမှန်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

           

အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အမှာစကားပြောကြားသည်။

           

ထို့နောက် UNICEF (Myanmar)မှ ကိုယ်စားလှယ် Mr. DaneeLuhar နှင့် တက်ရောက်လာသူများက National Mine Action Authority and Mine Action Center အမျိုးသားအဆင့် မိုင်းရှင်းလင်းရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ခြင်းအတွက် SOP ရေးဆွဲနိုင်ရေး၊ မိုင်းအန္တရာယ် အသိပညာပေး Mine Risk Education Toolkits များအား ပြန်လည်သုံးသပ်နိုင်ရေး၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး Strategic Workplan (2020-2021) ရေးဆွဲ အကောင်အထည်ဖော်ရေး စသည့်တို့ကို ဆွေးနွေးကြသည်။

 

သတင်းစဉ်

 

1