ရန်ကုန် ၂၅ စက်တင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက် အမှတ် (၁၀) လမ်း၌ ယနေ့ ည ၈ နာရီ ၃၅ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ သန်လျင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅၁ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းအရ သိရသည်။
သက်ခိုင်(သန်လျင်)


