သထုံ  ၂၆    စက်တင်ဘာ    

 

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် စက်တင်ဘာလ ၂၆ ရက် နံနက် ၉ နာရီ က အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း အမှတ်စဉ်(၁၀/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က အပတ်စဉ်အလိုက် သင်တန်းများဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကား ပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။ 

 

သင်တန်းတွင် နည်းပြများက ငါးအကြောင်းသိကောင်းစရာ၊ ငါးကန်တူးဖော်ခြင်းနှင့် ကန်ပြင်ဆင်ခြင်း၊ ကန်အရည်အသွေး ပြုပြင်ခြင်း၊ ငါးမှုန်၊ ငါးသန်၊ မျိုးငါးအစာကျွေးခြင်း နည်းစနစ်များနှင့် ပြုစုမွေးမြူခြင်း၊ သဘာဝငါးသယံဇာတများ အကြောင်းတို့ကို သုံးရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် မော်လမြိုင်တက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ငါးမွေးမြူရေး စိတ်ပါဝင်စားသူများ စုစုပေါင်း သင်တန်းသား/သူ ၂၇ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 


သက်ဦး(သထုံ)