ဘုတ်ပြင်း ၂၆ စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့အတွင်းရှိ ပြည်သူများ၊ ကျေးရွာများမှ ပြည်သူများ  သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက်က မြို့ဆိပ်ခံတံတားအရှေ့ဘက်  ရေပြင်တွင် ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်ရာတွင် ဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များ  အရန်မီသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရေကြောင်းခရီးသွားနေစဉ် သဘာဝဘေးအန္တရာယ်ကြောင့် ရေနစ်မှုများ ဖြစ်ပေါ်လာပါက ပြည်သူများ၏ အသက်ကို အချိန်မီ ကယ်တင်နိုင်ရန် ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်ဖြင့် ရေနစ်သူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း စသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်