သုံးခွ ၂၅  စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အမှတ် ၁ ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ သောက်သုံးရေကန်ကြီး ပတ်လည်အား စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့်  ကွန်ကရစ်လျောက်လမ်းများ ခင်းခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ရန်အတွက် ကိရိယာများ တပ်ဆင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ပြီးနောက် အဆိုပါကန်ဘောင်ပေါ်နှင့် ကန်ဘောင် အနီးတစ်ဝိုက်အတွင်း ပြည်သူများ  ကျန်းမာရေးအတွက် လမ်းရှောက်ခြင်း၊ မိသားစုလိုက် အပန်းဖြေခြင်းများနှင့် အားကစား အထောက်အကူ ပစ္စည်းများဖြင့် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

သုံးခွ ပြန်/ဆက်